ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် ဖျာပုံမြို့ မြို့မဈေးရုံကြီးဈေးရှေ့၌ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ဗီနိုင်းချိတ်ဆွဲ Campian ပြုလုပ်၍ အများပြည်သူလူထုအား “မျှတအလေးမူတာဝန်ယူ၊ စားသုံးသူ အကျိုးပြုဉာဏ်ရည်တု” ဆောင်ပုဒ်ရိုက်နှိပ်ထားသော လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံဗီဒီယိုများ ရိုက်ကူးခြင်းကို နံနက်(၀၇:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဖျာပုံ၊ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာမှ အရာရှိများနှင့် ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းကို ဖျာပုံခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ပေါ်ပေါက်လာပုံ အကြောင်းတို့ကို Projector ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဧည့်သည်တော်များအား လက်ဖက်ရည်နှင့်မုန့်များ တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)