ဘိုကလေးမြို့ “မိုး” သုံးထောင့်မုန့်လုပ်ငန်းရှိ လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ မတ်(၁၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ဘိုကလေးမြို့(၁)ရပ်ကွက် ဗိုလ်ဗထူးလမ်း “မိုး” သုံးထောင့်မုန့်လုပ်ငန်းရှိ လုပ်သား(၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူက  တောင်းဆိုနိုင်သည့်အခွင့်အရေးများ ၊ မည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်း အမှတ်အသား  ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားလိုက်သတ်မှတ်များနှင့်အညီ သိသာ ထင်ရှားစွာဖော်ပြ ဖော်ပြရမည့်အချက်များ၊ မိမိတို့ဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသည့် အရည်အသွေးမီကုန်စည်များကိုသာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက လူကိုယ်တိုင် လည်းကောင်း ၊  သက်ဆိုင်ရာဦးစီးမှူးရုံးသို့  သက်သေခံအထောက်အထားနှင့်အတူ   တိုင်ကြားနိုင် ကြောင်းနှင့် Call Center  1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြော ခဲ့ပါကြောင်း သတင်းရရှိပါသည်။   

DOCA(ဧရာဝတီ)