ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ မတ်လ(၁၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၉)ရပ်ကွက်ရှိ ရွှေကမ္ဘာဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ကွင်းဆင်းခဲ့ရာတွင် ရွှေကမ္ဘာဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သောဆန်များ မြိတ်မြို့သို့ တင်ပို့မှု ရှိ/မရှိ မေးမြန်းခြင်း၊ ထုတ်ကုန်ပစ္စည်းများအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ မှန်ကန်ရေး၊ ဆန်စပါးဈေးကွက် ဈေးနှုန်းအခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ထုတ်ပိုးမှုစနစ်များ လုံခြုံမှု ရှိ/မရှိစိစစ်ခြင်းနှင့် MSMEsလုပ်ငန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းစနစ် များ၊ခေတ် မီစက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက် စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်သလို၊ မှီခိုအားထားနေရသော အလုပ်သမားမိသားစုများအတွက်လည်း စားဝတ်နေရေးပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများလည်း စနစ်တကျ စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)