ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့သိရှိစေရေး ပခုက္ကူုပညာရေးဒီဂရီကောလိပ်သို့ သွားရောက်အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုသောအားဖြင့် (၁၅.၃.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူပညာရေး ဒီဂရီ ကောလိပ်သို့ သွားရောက်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာများ အား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဆရာ၊ ဆရာမ(၃၅)ဦး၊ သင်တန်း သူ၊ သင်တန်းသား (၄၀၅)ဦး၊ စုစုပေါင်း (၄၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်း ဆောင် ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့ သည့် မြို့ကြီးများနှင့် ဆောင်ပုဒ်များအကြောင်းနှင့် ယနေ့ကျရောက်သော ၂၀၂၄ခုနှစ် ဆောင်ပုဒ်မှာ "မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု"ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူထိခိုက် နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများ နှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားကြောင်း၊  အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝ၌ နေထိုင်နိုင်ရန်အတွက် စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ NGO ၊ INGO  အသင်းအဖွဲ့ များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ Power Point ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း Video Clip အား ပြသခြင်းနှင့် အမေးအဖြေကဏ္ဍတွင် မေးခွန်းများမေးမြန်းပြီး ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ထံသို့လည်း စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)