ဆိပ်ဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးအတွက် ရည်ရွယ်၍  (၁၇.၃.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ၊ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဒေါ်နီလာထွေးစာသင်ဝိုင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမ (၁) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      ဆရာမကြီးဒေါ်နီလာထွေးက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ဆိပ်ဖြူ မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာနသမိုင်းကြောင်းနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ ပြောကြားပြီး စားသုံးသူကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပယ်ကိုရှင်းလင်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ ဌာနမှ ယခုဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ (၂၀၁၉)ပါ၊ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိ၍ ကုန်စည်များကို သာ ရောင်းချရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ရွေးချယ်ဝယ်ယူ စားသုံးသင့်ကြောင်း၊ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများနှင့် ကြုံခဲ့ပါက တိုင်ကြားနိုင်ခွင့်၊ ကုစားခွင့်များရရှိရန် CICCရုံးများ ဖွင့်လှစ်ထားရှိကြောင်း၊ တိုင်ကြား နိုင်မည့်သူများနှင့် နေရာများကိုလည်း အသေးစိတ်ရှင်းလင်းပြီး Consumer Call Center 1535 သို့လည်း အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်းများ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)