ကမ္ဘာ့စာသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ အသိပညာပေး  (Talk Show) ပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေ အောင် သည် (၁၅.၃.၂၀၂၄)ရက်နေ့ နံနက် (၀၉;၃၀) နာရီ အချိန်တွင်  ကျွန်းလှမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံအကြောင်း အသိ ပညာပေး  (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါ (Talk Show)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဖိုးချိုနှင့် ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်တို့က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်း၊  မြန်မာ နိုင်ငံတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့မှာ ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဖြင့် ကာတွန်း၊ ဆောင်ပါး ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည် “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”(Fair and Responsible AI For Consumers) ဖြစ်ကြောင်း၊ ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်များအကြောင်း၊ ဆောင်ပုဒ်မှာပါသော AI ရဲ့အဓိပ္ပါယ်အကြောင်း ၊  AI ရဲ့အကျိုးကျေးဇူးတွေ စိန်ခေါ်မှု တွေအကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ်မှာ ဆက်သွယ်ရေးဥပဒေပြဌာန်းပြီး ဆိုက်ဘာလုံခြုံရေး မူဝါဒများကိုလည်း ၂၀၂၃ ခုနှစ်၊ မတ်လမှာ ထုတ်ပြန်ထားခြင်းတွေဆောင်ရွက်ထားကြောင်းနှင့်  ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နဲ့အညီ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း မိမိတို့ရဲ့ ကုန်စည်၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး  AI ပညာတွေနဲ့ စားသုံးသူအကျိုးပြုဖို့ လုပ်ငန်းတွေဆောင်ရွက်နိုင်သလို  ထုတ်လုပ်မှုတွေအပေါ်တွင် တာဝန်ယူမှု /တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်သွားဖို့ အကြံပြုပြောကြားခဲ့ကြောင်းသိရှိပါသည်။

DOCA(စစ်ကိုင်း)