ရှမ်းပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ၂၀၂၄-၂၀၂၇ သက်တမ်း အလုပ်အမှုဆောင် ရွေးချယ်တင်မြောက်ခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

        ၂၀၂၄ ခုနှစ်၊ မတ်လ၂၃ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး(SSSCCI-Taunggyi)၊ အစည်းအဝေးခန်းမ၍  ကျင်းပခဲ့ရာ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်နယ်ဦးစီးမှူး ဦးရွှေဖြူနှင့်တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်းနှင့် ရှမ်းပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြသည်။

       ရှေးဦးစွာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ ရွေးချယ်တင်မြှောက်ခြင်းနှင့်ပတ်သက်၍ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပြဌာန်းချက်များနှင့် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

       ထို့နောက် တက်ရောက်လာကြသည့် အသင်းသား၊ အသင်းသူများက အလုပ်အမှုဆောင်အဖွဲ့ ဝင်များက ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)