ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ စားသုံးသူများ ဘေးဉပါဒ်အန္တရာယ်ကင်းရှင်းစေရေး ဌာနပူးပေါင်းအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးအောင်သည် မိတ်ဖက်ဌာနများ ဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဝက်လက်မြို့အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ လိုက်ပါဆောင်ရွက်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ဝက်လက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၁၀) ဆိုင်သို့ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆေးဝါးရောင်းချခွင့် လိုင်စင်ပြုလုပ်ရောင်းချမှု ရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းအား ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်(၁၀)ဆိုင်အနက်မှ မြို့မဈေးမြောက်ဘက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တစ်ဆိုင်သည် ဆေးဝါးရောင်းချခွင့် လိုင်စင်သက်တမ်း ကျော်လွန်နေသဖြင့် လိုင်စင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ ဆေးဆိုင်များအနေဖြင့် သက်တမ်းလွန် ဆေးဝါးများ ဈေးကွက်အတွင်းသို့ ရောင်းချနေမှုမရှိကြောင်း သိရှိရပါသည်။

          ဝက်လက်မြို့နယ်အနေဖြင့် မိတ်ဖက်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဆေးနှင့်ဆေးပစ္စည်း ရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်မှုသည် ယခုအခါ ဒုတိယအကြိမ်မြောက်အဖြစ် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး