
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့်ခရိုင် အတွင်းမြို့နယ်များတွင် ရောင်းချနေသောဘိလပ်မြေဆိုင်များတွင် ကုန်ပစ္စည်းလက်ကျန် အခြေအနေများကို သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီး မှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်ကြသော ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှုး)နှင့် ဝန်ထမ်းများသည် ၂၅.၃.၂၀၂၄ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီတွင် သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့ နယ်အတွင်းရှိ အဲဗား ဘိလပ်မြေအရောင်းဆိုင်(သင်္ဃန်းကျွန်းဆိုင်ခွဲ)နှင့် သန်းထွန်းအောင် (အိမ်ဆောက်ပစ္စည်း အမျိုးမျိုးနှင့်ဘိလပ်မြေရောင်းဝယ်ရေး)ဆိုင်တို့ ဘိလပ်မြေရောင်းချမှုအခြေအနေတို့ကို မေးမြန်း စုံစမ်းရာ ဘိလပ်မြေလက်ကျန်မှာ အနည်းငယ်သာကျန်ရှိကြောင်း၊ ကျောက်ဆည်၊ မတ္တရာ၊ မန္တလေး စသည့်မြို့နယ်များမှ တိုက်ရိုက်ပို့ ပေးခြင်းဖြစ်ကြောင်း၊ ယခုအခါ နယ်အဝင်မရှိသေးကြောင်း သိရှိခဲ့ရပါသည်။
DOCA(ရန်ကုန်)