ရန်ကုန်ဘူတာကြီးမှ မန္တလေးသို့ထွက်ခွါမည့် ရထားအမှတ်- 11 VP (အဆန်) ရထားတွင် တရားမဝင်ကုန်စည်များ တင်ဆောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဠာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင်အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည် စီးဆင်းမှုများအပေါ် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ ဆောင်ရွက်စဉ်အတွင်း  ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မီးရထားမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာ ဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ရန်ကုန်ဘူတာကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးမှ မန္တလေးသို့ ထွက်ခွါမည့် ၁၁ VP ရထားအား ၂၅.၃.၂၀၂၄ ရက်နေ့ ၊နေ့လယ် ၁၅:၃၀ နာရီအချိန်တွင် အဖွဲ့စုံများ ဖြင့် စစ်ဆေးရာ တရားမဝင်ကုန်စည်များ တင်ဆောင်ထားခြင်းမရှိပါကြောင်း စိစစ်တွေ့ရှိခဲ့ပြီး အဆိုပါ ရထားသည် ၂၆.၃.၂၀၂၄ ရက်နေ့ နံနက် (၀၃:၃၀) တွင် ရန်ကုန်ဘူတာကြီးမှ စတင် ထွက်ခွါမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)