စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူအသိပညာတိုးပွားရေး အသိပညာပေး

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည်(၈.၂.၂၀၂၂)ရက်နေ့(၁၀:၃၀မှ၁၁:၃၀)နာရီထိ ဓနုဖြူမြို့နယ်ရှိ စားသုံးသူရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူအကာကွယ်ပေးရေးနှင့်ပတ်သက်၍ အသိပညာပေးမှုကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးဝင်းမင်းစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့် တာဝန်၊ ဝတ္တရားများနှင့် ရပိုင်ခွင့်များကိုဆွေးနွေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်တွင် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များကလည်း ပြန်လည်မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွှေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး