“မလှိုင်မြို့တွင် အကြော်စုံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း’’

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ ဦးသန်းစိုးနှင့် မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းတို့သည် (၂၈.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်တွင် မလှိုင်မြို့နယ် ဝါးခွကျေးရွာ  ဦးမျိုးချစ်(အိမ်ရှင်) အကြော်စုံလုပ်ငန်း လုပ်ကိုင်သူနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးစီးအရာရှိ၊ ဦးသန်းစိုးမှ ယခုထုတ်လုပ်လျက်ရှိသော (အိမ်ရှင်) အကြော်စုံလုပ်ငန်းမှ အာလူးကြော်၊ ကုလားပဲမှုန့် အချောင်းကြော်တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်ညွှန်းအမှတ်သားများပြည့်စုံစွာ ဖော်ပြပါရှိရေး အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မလှိုင်မြို့နယ် တာဝန်ခံမှ လုပ်ငန်းစတင်ကာလနှင့် ကုန်ကြမ်းဝယ်ယူသုံးစွဲမှု၊ ကုန်ချောဖြန့်ဖြူးရာဒေသ၊ အကျိုးအမြတ်များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

            အိမ်ရှင်အမည်ဖြင့် အာလူးကြော်လုပ်ငန်းကို ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်လုပ်ဆောင်ခဲ့ရာ အောင် မြင်ခဲ့သည့် အကြော်မှာ ကုလားပဲချောင်းကြော်၊ အာလူးကြော်ဖြစ်ပြီး၊ လုပ်ငန်းစတင်ချိန်က ကုန်ကြမ်းကိုမလှိုင် မြို့မစျေးမှ ဝယ်ယူရကြောင်း၊၂၀၁၇ ခုနှစ်မှစ၍ အောင်ပန်းမြို့သို့ မှာယူသုံးစွဲခဲ့ပြီး ပျမ်းမျှ တလလျှင် အာလူး ၃၀၀ ပိဿာ၊ ကုလားပဲမှုန့် ၂၀၀ ပိဿာ၊ ဆီ ၂၅၀ ပိဿာခန့်ကြော်ရကြောင်း၊ ၁ ရက် ကြော်၊ ၃ ရက်ထုတ်ပိုးပြီး၊ ရောင်းချရကြောင်း၊ လုပ်သားအင်အား (၃၀)ဦး ဖြင့်လုပ်ကိုင်ပြီး၊ အကျိုးအမြတ်မှာ ၁၀ ရာခိုင်နှုန်းရှိကြောင်း၊ ကျောက်ဆည်၊ သာစည်၊ ရမည်းသင်း၊ မြစ်သား၊ စဥ့်ကိုင်မြို့ များသို့ ဖြန့်ဝေ‌ရောင်းချနေကြောင်း သိရှိရပါသည်၊၊

DOCA(မန္တလေး)