“စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်”

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင် သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့ ၊နံနက်(၀၉:၃၀)အချိန်တွင် မလှိုင်မြို့၊ မြို့သစ် အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ်များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော်လည်း Covid-၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့် CICC Meiktila Facebook Pageတွင် Onlineမှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များ ဖြင့်လည်းကောင်း စားသုံးသူအသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်း စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ 

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မလှိုင်မြို့နယ်တာဝန်ခံဦးရဲမြင့်ဆန်းမှ  စားသုံးသူ ကာကွယ်ရေးဥပဒေကို စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြင်ဆင်အတည်ပြုပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိအခွင့်အရေးများ သိရှိမှသာ ကုန်စည်(သို့)ဝန်ဆောင်မှုများအပေါ် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါက အရေးဆိုတိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးများကို တိုင်ကြားမှု ဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းအပြင်အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www . doca. gov. mm တွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

          ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၉၆)ဦး တက်ရောက်ခဲ့ပြီး နံနက် (၁၁:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)