မိတ္ထီလာမြို့အတွင်းရှိ လုပ်ငန်းရှင်များအား ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်စေရေး တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၂ခုနှစ် ၊ ဖေဖော်ဝါရီလ ၂ ရက်နေ့၌  မိတ္ထီလာမြို့၊ စက်မှုဇုန်ရပ်ကွက်၌ ထုတ်လုပ်တင်သွင်းရောင်းချနေသော လွင်မိသားစု ဆီစက်ပိုင်ရှင်တစ်ဦးသည် မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်တွေ့ဆုံ၍ ၎င်း၏  အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန် တိုင်ပင်ဆွေးနွေးမှု ပြုခဲ့ပါသည်။

         အဆိုပါလုပ်ငန်းအနေဖြင့် မြေပဲဆီသန့်၊ နေကြာဆီသန့်၊ နှမ်းဆီသန့်တို့အား (၁၀)ပိဿာပုံး၊ (၅)ပိဿာပုံး၊ (၃)ပိဿာပုံး၊ (၂)ပိဿာပုံး ၊ (၁)ပိဿာပုံး၊ (၅၀)ကျပ်သားဘူး၊(၂၅)ကျပ်သားဘူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်းနှင့် စားသုံးသူ ကာကွယ် ပေးရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာတပ်ဆင်ရန်အတွက် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးတွင် လာရောက်လျှောက်ထားခဲ့ရာ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် စိစစ်ချက်၊ ကုန်စည်အုပ်စု(က) အစားအသောက်များ အပိုဒ်ခွဲငယ်(၈)ပါ ဖော်ပြရမည့်အချက်များနှင့် တိုက်ဆိုင်စိစစ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)