![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11.9_3.jpg?itok=k8B_CXce)
စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် လက်ကားကုန်သည်များသို့ ဖြန့်ခွဲရောင်းချပေးသည့် စားအုန်းဆီများအား မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ အစီအစဉ်၊ သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကံမမြို့နယ်အတွက် စားအုန်းဆီ ပိဿာ(၂၂၀၀)ရရှိပြီး (၃.၄.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၀၀)အချိန်မှစ၍ စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ကံမမြို့၊ အမှတ်(၁/၂/၃/၄)ရက်ကွက်များနှင့် ရေနံ့သာကျေးရွာ၊ ကျောက်ပဒေါင်းကျေးရွာ၊ ပဇင်းနိမ့်ကျေးရွာ၊ စံပယ်ခြုံကျေးရွာများရှိ အိမ်ထောင်စုများအတွက် စားအုန်းဆီ ပိဿာ(၂၂၀၀)ကို (၁)ပိဿာလျှင် ကျပ်(၆၁၀၀)ဈေးနှုန်းဖြင့် စနစ်တကျရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချပေးမှုအား ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)