ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Talk Show အစီအစဉ်ပြုလုပ်

Powered by Drupal

    ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်သည် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်း ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ online မှ စားသုံးသူပြည်သူများအား စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ခဲ့ပါသည်၊၊

    ခရိုင်ဦးစီးမှူးဦးတင်စိုးလှိုင်က Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မတ်လအတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းရှင်များနှင်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၉)ကြိမ်၊ လုပ်ငန်းရှင်တွေ့ဆုံခြင်း (၈)ကြိမ်၊ လုပ်ငန်းရှင်အသိပညာပေး (၉)ကြိမ်၊ ပြည်သူ အသိပညာပေး(၉)ကြိမ်၊ မြို့နယ်အလိုက် Talk Show အစီအစဉ်တင်ဆက်ခြင်း (၃)ကြိမ်၊ ကုန်အညွှန်း အမှတ်အသားစိစစ်ထုတ်ပေးခြင်း (၃)ကြိမ် စသည်တို့နှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများပါ ဆောင်ရွက်လျက်ရှိကြောင်းပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလု်ပငန်းများအနေဖြင့် နေ့စဉ်အခြေခံစားသောက်ကုန်ဈေးနှုန်းများစာရင်း ၊ ဘိလပ်မြေဈေးနှုန်း၊ ပဲမျိုးစုံ တစ်ဧကအထွက်နှုန်း အတွက် တစ်ဧကကုန်ကျစရိတ် တောင်သူအကျိုးအမြတ်ရရှိယူများတွက်ချက်၍ ရုံးချုပ်သို့ တင်ပြ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြောင်း ပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)