မအူပင် (အ.ထ.က-၂)ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် (၂.၄.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်က မအူပင်မြို့ အ.ထ.က-၂ ကျောင်းတွင် ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမ (၂၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

     အဆိုပါ ဟောပြောပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး က စားသုံးသူရေးရာဦးစီးဌာန ပေါ် ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းအကြောင်းကို ရှင်းလင်းပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်ပါ ဥပဒေအကြောင်းကိုအကျယ်တဝင့် ရှင်းလင်းပြီး မိမိတို့လိုအပ်ချက်အတွက် ဈေးကွက်အတွင်း  အလှကုန်၊ အဝတ်အထည်၊ စားသောက်ကုန်၊ ဇိမ်ခံပစ္စည်းများကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်၊ ဝန်ဆောင်မှုကို ဦးစားပေးဝယ်ယူအသုံးပြုကြရန်၊ စားသုံးသူသည် ကုန်စည်၊ ဝန်ဆောင်မှုကို တန်ဖိုးနှင့်အညီ ဝယ်ယူအသုံးပြုနိုင်သည့် အခွင့်အရေး ရှိသည့်အတွက် မိမိတို့၏ စားသုံးသူအခွင့်အရေးကို အပြည့်အဝနားလည် ထားရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို သိရှိသလို လိုက်နာရမည့် တာဝန်များကိုလည်း လေးစားလိုက်နာရန်လိုအပ်ကြောင်း ထပ်ဆင့်ရှင်းလင်းပြီး၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိလာပါက မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိ ပြီးဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို သိရှိလိုပါက၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)