ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဧပြီလ(၁)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် အောင်တံခွန်ဆန်စက် သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် အောင်တံခွန်ဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သော ဆန်များ မြိတ်မြို့သို့ တင်ပို့မှု ရှိ/မရှိ မေးမြန်းခြင်း၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ မှန်ကန်ရေး၊ ဆန်စပါးဈေးကွက် ဈေးနှုန်းအခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ထုတ်ပိုးမှုစနစ်များလုံခြုံမှုရှိ/မရှိစိစစ်ခြင်းနှင့်MSMEsလုပ်ငန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်နည်းစနစ်များ၊ခေတ် မီစက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ်ကျယ်ပြန့်လာနိုင်သလို၊မှီခိုအားထားနေရသော အလုပ်သမားမိသားစုများ အတွက်လည်း စားဝတ်နေရေးပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်း များလည်း စနစ်တကျ စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)