ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့၊ နံနက်( ၁၀:၀၀)အချိန်တွင် ဖျာပုံ မြို့နယ်( အထက-၁ )သင်တန်းကျောင်းရှိ ဆရာ / ဆရာမ(၂၀၀)ဦးအား စားသုံးသူအသိပညာပေး ဟောပြောခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉) ဥပဒေပုဒ်မ(၁၉)ပါ စားသုံးသူအခွင်အရေးနှင့် တာဝန်များ၊ ပုဒ်မ(၂၆)အရစီးပွားရေး လုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် အာမခံချက်များကို လည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ပြီးမြိုနယ်တာဝန်ခံမှကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်အချက်များ၊ သတိထားရွေးချယ်ချယ်ရမည့်အချက်များ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တက်သည့် ဘေးအန္တရာယ်များအကြောင်း အသိပေးဟောပြောဆွေးနွေးပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း၊ ဘေး အန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေရေး တို့ကို အခါမလပ်ကြိုးစားအားထုတ်ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိပါကြောင်း၊ ထိုနောက်ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေးလက်ကမ်းစာ စောင်များကို ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)