ရွက်လှသစ်စက်လုပ်ငန်းအားစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက် နေသောလုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုသိရှိနိုင်ရန် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများသည် ၂၂..၂၀၂၄ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီတွင် ရွာသာကြီး(အကြီးစား) စက်မှုဇုန်၊ အမှတ်(၂၉)၊ ပုဂံဝန်ထောက် ဦးတင်လမ်း၊ တောင်ဒဂုံမြို့နယ်၏ ရွက်လှသစ်စက်လုပ်ငန်းအား သွားရောက် စစ်ဆေးခဲ့ရာ ၎င်းလုပ်ငန်းသည် ဦးစီးလုပ်ကိုင်ဆောင်ရွက် မည့်သူမရှိသောကြောင့် လုပ်ငန်းပိတ်သိမ်း ထားသည်ဟု ရွာသာကြီး (အကြီးစား)စက်မှုဇုန် ကော်မတီရုံးမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)