မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            ၂၆.၄.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက်ရှိ လမ်းဘေးဝဲ/ယာ ကုန်စုံဆိုင်များတွင် ရောင်းချနေသော  စားသုံးဆီများအား ကုန်အညွန်းအမှတ်အသား ဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့‌ ဈေးကွက်စောင့်ကြည့်ရာတွင် Indo တံဆိပ် ပုဇွန်နှစ်ကောင်ဆီ၊ Cook တံဆိပ် နေကြာဆီ၊ Meizan တံဆိပ် နေကြာဆီ၊ အမေထွား တံဆိပ် မြေပဲဆီသန့်၊ Halthy Chef တံဆိပ် ပဲပိစပ်ဆီ၊ Goody တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ LoTus တံဆိပ် ဟင်းသီးဟင်းရွက်ဆီနှင့် mayra တံဆိပ် နေကြာဆီများသာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းစားအုန်းဆီများမှာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပါသည်။ စစ်ဆေးခဲ့သော ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဠာန်းချက်များအနက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖူးဖူး (ချောင်းဆုံ)