စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့နယ် တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၂၄)ရက်၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ တောင်ယာစု စာသင်ကျောင်းတွင် ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ပြည်သူ အသိပညာပေး ဟောပြောခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံ က စားသုံးသူများသိသင့်သိထိုက်သော စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူကာကွယ်ရေးနှင့် သက်ဆိုင်သော အသိပညာများကိုလည်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)