တနင်္သာရီတိုင်းထားဝယ်မြို့ စားသောက်ကုန်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုကုန်ကြမ်းဆီ (၉၈)ပေပါ ထားဝယ်မြို့သို့ ရောက်ရှိ

Powered by Drupal

     စားအုန်းဆီကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေသောဒေသတွင်း   အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထားဝယ်မြို့မုန့်မျိုးစုံလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများအတွက် အသုံးပြုရန် လိုအပ်လျက်ရှိသော စားအုန်းဆီများအားပြည်တွင်းသို့    စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ တိုက်ရိုက် ဝယ်ယူခွင့်ရရှိရေးအတွက် တနင်္သာရီတိုင်း‌ဒေသကြီး    ထားဝယ်မြို့ရှိ   မုန့်လုပ်ငန်းရှင် နှင့်စားသောက်ဆိုင်လုပ်ငန်းရှင်(၆)ဦးမှ တစ်လလိုအပ်သော စားအုန်းဆီ(၉၈)ပေပါ၊ ပိဿာချိန် (၁၀၇၆၀)  တန်ချိန် (၁၇.၅၇၀)တန်အား စားသုံးသူရေးရာဦးစီးဌာနသို့ လျှောက်ထားခဲ့ရာ (၁.၅.၂၀၂၄) ရက်နေ့တွင် စားအုန်းဆီ ပေပါ(၉၈)ပေပါသည် ထားဝယ်မြို့သို့ရောက်ရှိလာပြီး လုပ်ငန်းရှင်များ လုပ်ငန်းများတွင်  အသုံးပြုလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)