စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏လမ်းညွှန်မှာ ကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် ခရိုင် အတွင်းမြို့နယ်များ တွင် ရောင်းချနေသောဘိလပ်မြေဆိုင်များတွင် ဘိလပ်မြေအမျိုး အစားများ၊ တစ်မျိုးချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်ပစ္စည်း လက်ကျန် အခြေအနေများကို သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြ ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဝန်ထမ်းများသည် ၂၉.၄.၂၀၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ အဲဗားဘိလပ်မြေအရောင်းဆိုင်၊ မိဘ မေတ္တာဘိလပ်မြေအရောင်းဆိုင်၊ Pro One Home Center စသည့် ဘိလပ်မြေရောင်းချ ရောင်းချသည့်ဆိုင်များသို့ မေးမြန်းစုံစမ်းရာ ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ကုန်ပစ္စည်း လက်ကျန်များကြောင်း၊ ဈေးနှုန်းမှာအနည်းငယ်ကျလာကြောင်း သိရှိခဲ့ရပါသည်။
DOCA(ရန်ကုန်)