တောင်ဥက္ကလာပမြို့နယ်ရှိ လူသုံးကုန် ပစ္စည်းများထုတ်လုပ်သည့် သရဖူစံလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးသည် ၂၉.၄. ၂၀၂၄   ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊  အမှတ် (၆၇) ဘီ/ ၁  လမ်း၊  (၈) ရက်ကွက်ရှိလူ သုံးကုန်ပစ္စည်းများထုတ်လုပ်သည့် သရဖူစံလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းရှင်  ဦးမျိုးလွင်ကျော်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်ဦးမျိုးလွင်ကျော်အား လုပ်ငန်းနှင့်ပတ်သက်၍မေးမြန်းရာတွင် ပလတ်စတစ်ပါကင်များ ထုတ်လုပ်သည့်လုပ်ငန်းဖြစ်ကြောင်း၊ တစ်လလျှင် ၃၀၀၀ ကီလိုဂရမ်ထုတ်လုပ်နိုင်ကြောင်း၊ အလုပ်သမားဦးရေ ၃၅ ဦးရှိကြောင်း၊ ကုန်ကြမ်းလက်ကျန်ကော်စေ့အိတ် (၁၅၀) ကျန်ရှိကြောင်းဖြေကြားခဲ့ရာဆက်လက်ပြီး ခရိုင်ဦးစီးမှူးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ် မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှု မရှိပါကကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ တားမြစ်ချက်များ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)