သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်း သွားရောက်စစ်ဆေး

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးရေးမှူး ဦးလှစိုး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကို၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲ ကွက်ကဲမှုအဖွဲ့ခွဲ မှရဲမှူး အောင်ကျော်ထူးနှင့်   အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့ပါဝင် သောအဖွဲ့များသည် 2.5.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MT ဓနသိဒ္ဓိ  ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ဘုတ်ပြင်းမြို့သို့ စက်ရုံသုံးပစ္စည်းများ၊ ဘိလပ်မြေများ၊   စားသောက်ကုန်များကို တင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါ ကုန်ပစ္စည်းများသည် ယုဇနကုမ္ပဏီလီမိတက်မှ   ဘုတ်ပြင်းမြို့နယ်သို့ တင်ပို့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)