စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ထားဝယ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့၊ နံနက်(၈း၄၅)နာရီအချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ စားသုံးဆီကိစ္စရပ်ဆိုင်ရာများနှင့် စားသုံး သူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် ကျင့်ဝတ်များအကြောင်းအား ဆွေးနွေးခဲ့ပါသည်။

   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစီုးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆီအသင်းမှ တက်ရောက်သူများက ခွဲဝေရရှိသော စားအုန်းဆီများ အား သတ်မှတ်ရည်ညွှန်းစျေးများနှင့်အညီ ရောင်းချနေမှုအခြေအနေများအားတင်ပြခြင်းနှင့် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးဦးစီးမှူးမှ ပြန်လည်ဖြေကြားခြင်းနှင့် လိုအပ်သည်များအား အပြန်အလှန်ဆွေးနွေးခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ထားဝယ်ခရိုင်ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်(၁၄)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲအား နံနက်(၉း၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)