မော်လမြိုင်မြို့နယ် သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

    ၂၉.၄.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့်အတူ သင်တန်းသား/သူ စုစုပေါင်း (၁၀၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူ ကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ဆိုင်ရာ ပြဌာန်းချက်များ၊ ကုန်စည်များဝယ်ယူသည့်အခါ သတိပြုရမည့်အချက်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ Online Sales နှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)