![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.7_5.jpg?itok=Vhh8ymUn)
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ၁.၅.၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ ကဏ္ဍအသီးသီးမှအလုပ်သမားများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အလုပ်သမားနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား Video Click ပြသပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုတ်သိမ်း ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြခန်းများ လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မွန်)