မြိတ်မြို့ပေါ်ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အစားအသောက်‌နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ (၆)ရက်နေ့၊ နံနက် (၁၀း၀၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်းများသို့ တရားမဝင်ဆေးဝါးရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     တရားမဝင်ဆေးဝါး စစ်ဆေးရာတွင် Register No ၊ DRC No ဖော်ပြပါရှိခြင်းမရှိသော Air-x အမည်နှင့်ဆေးဝါးအား အဓိကစစ်ဆေးခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် သုံးစွဲရန်မသင့် ဆေးဝါးများ ဝယ်ယူရောင်းချခြင်းမပြုရန်‌ ပြောကြားခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်အရ အဆိုပါဆိုင်များတွင် တရားမဝင်ဆေးဝါးများရောင်းချနေခြင်း မရှိကြောင်းသိရှိရပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)