စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧပြီလတွင် စားသုံးသူ အသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေ

Powered by Drupal

     စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှု ဖြေရှင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံးအဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ဝန်ထမ်းမိသားစုများအား စားသုံးသူ အသိပညာပေးခြင်း၊  ကလေးခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ မြို့သာရပ်ကွက်ရှိ ပြည်သူများ အားလည်ကောင်း၊ ဟုမ္မလင်းမြို့ မှန်ပင်ကျေးရွာရှိ ပြည်သူများအားလည်းကောင်း၊  ကန့်ဘလူခရိုင် ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဝန်ထမ်းများ အားလည်းကောင်း၊ ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊     သာစည်ရပ်ကွက်ရှိ “ကမ္ဘောဇ” ကျောင်းတွင် လည်းကောင်း၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတွင် ဆီလုပ်ငန်းရှင်အသင်းအားလည်းကောင်း၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းပညာရေးဦးစီးမှူးရုံး၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းအဆင့်သင်ပြနည်းသင်တန်းတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတွင်လည်းကောင်း၊ စုစုပေါင်း(၉)ကြိမ် နှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ အတွင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက် တာဝန်များ ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေး ဟောပြောခဲ့ ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

    လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့်(၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၃)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၃)ကြိမ်၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၈)ကြိမ်၊မုံရွာ မြို့နယ် တာဝန်ခံရုံးမှ(၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေး ဆောင်ရွက် ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည် နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာ ပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထား သောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်း စာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)