ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကွပ်ကဲမှုအောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ်၊ မေလ(၆)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ဘိလပ်မြေ အရောင်းဆိုင် (၃)ဆိုင်အား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေ အရောင်းဆိုင်းများတွင်  ဘိလပ်မြေအမျိုးအစားများ ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လတ်မှု ရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကို သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

     မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု ပြုလုပ်ရာတွင် ကျွန်းလှမြို့ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ ဦးမျိုးသိန်း+မသူ အိမ်ဆောက်ပစ္စည်းအရာင်းဆိုင်၊ စိုးမိုးအောင် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်  ဦးသန်းရွှင်+ဒေါ်သန်းသန်းဆွေ ကုန်စုံဆိုင် စသည့် ဘိလပ်မြေရောင်းချသည့်ဆိုင်များသို့ မေးမြန်းစုံစမ်းရာ ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လတ်မှုမရှိကြောင်း၊ ကုန်ပစ္စည်း လက်ကျန်ရှိကြောင်း ဈေးနှုန်းအနည်းငယ်ပြန်ကျလာကြောင်း သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)