သီပေါမြို့နယ်အတွင်း အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ လက်လီ/ လက်ကား ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းအရောင်းဆိုင်များအား (၃.၅.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ အလှကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားပါရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တယ်ရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် အလှကုန်ပစ္စည်းပေါ်တွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအား ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များကိုလိုက်နာဆောင်ရွက်စေရန်အတွက် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)