စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကို သိရှိနိုင်ရန် မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် အမှတ်(၉၁/၉၂)၊ ယောအတွင်းဝန်ဦးဖိုးလှိုင် လမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ Delta Electric လျှပ်စစ်ပစ္စည်းစက်ရုံသို့သွား ရောက်စစ်ဆေးခဲ့ရာလုပ်ငန်းသည် အပြီးပိတ်သိမ်းထားရှိပြီး ဖြစ်ပါသည်။ မြေပြင်တွင် QIN Myan Export/Import ကုမ္ပဏီမှ ပဲမျိုးစုံသိုလှောင်ထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ရန်ကုန်)