King Metal အလူမီနီယံစက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက် အရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကို သိရှိနိုင်ရန် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် အမှတ်(၁၄၁)၊ ဦးတရုတ်ကြီးလမ်း၊ စက်မှုဇုန်(၃)၊ လှိုင်သာယာမြို့နယ်ရှိ King Metal အလူမီနီယံစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ စက်ရုံပိတ်ထား ကြောင်း၊ စက်ရုံတွင် စက်ယူနစ်များမရှိတော့ဟု သိရှိရပြီး အခြားလုပ်ငန်း လုပ်ကိုင်ခြင်းမရှိဘဲ King Metal စက်ရုံအဖြစ်သာ ဆက်လက်သုံးစွဲထားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)