“ ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

         မေလ ပထမပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် (ထိပ်စ၊လတ်စ၊နိမ့်စ)များတွင် ဧည့်မထတစ်ပြည်လျှင် (၃၈၀၀၊ ၄၀၀၀)ကျပ်ထိ၊ မီးဒုံးဆန်ရိုးရိုးတစ်ပြည်လျှင် (၄၅၀၀၊၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး) တစ်ပြည်လျှင် (၅၀၀၀၊၅၂၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၈၀၀၊၆၂၀၀)ကျပ်ဖြင့် လည်းကောင်း၊  စားအုန်းဆီတစ်ပိဿာလျှင် ယခင်တစ်ပတ်တွင်(၅၄၅၀)ကျပ်၊ ယခုအပတ်တွင် (၅၄၅၀)ကျပ် ဈေးနှုန်းတည်ငြိမ်းလျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင်(၂၅၀၀၊၂၈၀၀၊၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (ရိုးရိုး)ဆား တစ်ပိဿာလျှင်(၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုတ်လျှင်(၆၀၀)ကျပ်၊ ငြုတ်တောင့်(အရှည်) တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ငြုတ်တောင့်(စက)တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ငြုတ်တောင့် (အပု) တစ်ပိဿာလျှင(၁၁၅၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မန်းကျည်း အမှည့်(အသစ်) တစ်ပိဿာလျှင်(၆၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ ငါးရံ့ ခြောက်တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်(၅၀၀)ကျပ်၊ ကြက်ဥတစ်လုံး လျှင် (၃၀၀)ကျပ်၊ ဘဲဥတစ်လုံး(၃၀၀-၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျှက်ရှိပါသည်။

         အလားတူဗမာကြက်တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ Cp ကြက်တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။

         ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင်စားသောက်ကုန်ဈေးနှုန်းများအနက် ဆန်ဈေး အနည်းငယ်တက်ပြီး၊ အခြားစားသောက်ကုန်များမှာလည်း အနည်းငယ်အတက်၊ အကျရှိပြီး စားအုန်းဆီဈေးနှုန်းမှာတည်ငြိမ်လျှက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)