“ တွံတေးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

           မေလဒုတိယပတ်တွင်တွံတေးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်( ၃၇၅၀-၄၀၀၀)ကျပ်၊ မီးဒုံး ဆန်(ရိုးရိုး) တစ်ပြည်လျှင် (၄၈၀၀-၅၀၀၀)ကျပ်၊ တောင်ပျံဆန်ရိုးရိုးတစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်ပတ်တွင်(၅၄၅၀)ကျပ်၊ ယခုအပတ်(၅၄၅၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ် လျက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံ တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(အမွှား)တစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုက်)တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင်(၅၀၀)ကျပ်၊ အိုင်အိုဒင်းဆား  တစ်ထုပ်လျှင်(၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်)တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငြုပ်တောင့်(အပု) တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊  ကုလားပဲခြမ်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မန်းချည်းသီးမှည့် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာ လျှင်(၇၀၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက် တစ်ထုတ်လျှင်(၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၈၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင်(၃၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          အလားတူဗမာကြက်တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၁၉၅၀၀-၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၀၀၀)ကျပ်စသည်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

          ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာတွင် စားသောက်ကုန်ဈေးနှုန်းများမှာ အနည်းငယ်ပြောင်းလဲမှုရှိပြီး စားအုန်းဆီဈေးနှုန်းမှာ တည်ငြိမ်းလျှက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)