အဖွဲ့စုံဖြင့် ဆေးကုမ္ပဏီများစစ်ဆေးခြင်း

Powered by Drupal

           ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်ဦးဆောင်၍ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များ ဆေးအသင်းမှ ဒေါက်တာမျိုးသန့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အရှေ့ပိုင်းခရိုင်ရုံး)မှ ဒေါက်တာရဲထက်အောင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (ရန်ကုန်) မှ ဒေါက်တာအောင်ကိုကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော် စသည့်အဖွဲ့ဝင်များပူးပေါင်း၍ ၆.၅.၂၀၂၄ ရက် နေ့ နံနက် (၁၀:၃၀) နာရီတွင် အမှတ် (၁၉)၊ နတ်စင်လမ်း၊ ကျောက်မြောင်းကြီးရပ်ကွက်၊ တာမွေမြို့ နယ်ရှိ Htat Thida Paing Co.,Ltd မှ ဆေးဂိုဒေါင်တာဝန်ခံ ဦးသက်ဝင်းနှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

       ဆေးသိုလှောင်ရုံအတွင်း စစ်ဆေးရာတွင် သွေးတွင်းအဆီကျဆေး၊ ဗိုက်အောင့်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ နှာမွှန်၊ ယားယံပျောက်ဆေး၊ ဆီးဆေး၊ အရေပြားလိမ်းဆေး၊ အအန်ပျောက်ဆေး၊ ခေါင်းမူးပြေဆေး၊ ဝမ်းပျော့ဆေး၊ ပိုးသတ်ဆေး၊ အာရုံကြောအားဆေး စသည့် ‌ဆေးအမည်ပေါင်း (၁၁)မျိုး၏ ဝယ်ယူသည့်အရေအတွက်၊ ရောက်ရှိရက်စွဲ၊ ရောင်းချသည့်အရေအတွက်၊ သိုလှောင်ရုံ ပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း စသည်တို့ကို အသေးစိတ်စိစစ်၍ ဓါတ်ပုံမှတ်တမ်း များရယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)