ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်ဦးဆောင်၍ မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ဒေါက်တာမျိုးသန့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အရှေ့ပိုင်းခရိုင်ရုံး)မှ ဒေါက်တာရဲထက်အောင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း စသည့် အဖွဲ့ဝင်များပူးပေါင်း၍ ၆.၅.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:ဝ၀) နာရီတွင် အမှတ် (၈၆/၉၆-A)၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့်မြဧရာလမ်း သာကေတစက်မှုဇုန်ရှိ Fair Deal Co.,Ltd မှ ဆေး သိုလှောင်ရုံတာဝန်ခံ ဦးမျိုးမင်းအောင်နှင့် သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆေးသိုလှောင်ရုံအတွင်း စစ်ဆေးရာတွင် အဆီကျဆေး၊ ဆီးချိုဆေး၊ အသည်းဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးတိတ်ဆေး၊ ပိုးသတ်ဆေး စသည့် ဆေးအမည်ပေါင်း (၆) မျိုး၏ ဝယ်ယူသည့်အရေအတွက်၊ ရောက်ရှိရက်စွဲ၊ ရောင်းချသည့်အရေအတွက်၊ သိုလှောင်ရုံ ပစ္စည်း လက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း စသည်တို့ကို အသေးစိတ်စိစစ်၍ ဓါတ်ပုံမှတ်တမ်းများရယူခဲ့ကြောင်း၊ ဆေးဆိုင်များနှင့် ဆေးရုံ/ဆေးခန်းများသို့ တိုက်ရိုက် ဖြန့်ချိသည့် ကုမ္ပဏီဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)