စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၇.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင် စားသုံးသူရေးရာဦးစီးဌာန၊ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်အောင်တို့ ပူးပေါင်း၍ “စီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရမည့်တာဝန်များ အသိပညာပေး” Talk Show ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
Talk Show တွင်စားသုံးသူရေးရာဦးစီးဌာန၊ရေစကြိုမြို့နယ်တာဝန်ခံဦးမြတ်မင်းက စားသုံးသူ ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ဌာနသမိုင်းအကျဉ်း၊ စားသုံးသူကာကွယ် ရေးဥပဒေ၊ နည်းဥပဒေ ထုတ်ပြန်သည့်ရက်စွဲ၊ ပါဝင်သည့်အခန်း၊ ပုဒ်မများကို ပြောကြားခဲ့ပြီး ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)