ရေးမြို့နယ်တာဝန်ခံမှ ဆီလက်ကားကုန်သည်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

    ၂၀၂၄ခုနှစ်၊ မေလ(၈)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရေးမြိုနယ်တာ၀န်ခံသည် ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဆီကုန်သည်လုပ်ငန်းရှင် ဒေါ်စနိုးနှင့်သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ရေးမြို့နယ်တာ၀န်ခံ ဒေါ်အိဖြိုးက စားအုန်းဆီများကိုတာ၀န်ယူဖြန့်ဖြူး ရောင်းချနေသည့် ဆီကုန်သည်ဒေါ်စနိုးအား ရပ်ကွက်ကျေးရွာများသို့အရောက် လက်လီဆိုင်များမှတဆင့် ဖြန့်ဖြူးရောင်းချရာတွင် အရေအတွက် ပြည့်မီစွာ ရောင်းချပေးရေး၊ သတ်မှတ်စျေးနှုန်းများထက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးတို့ကိုဆွေးနွေးခဲ့ပါသည်။

      အကယ်၍ သတ်မှတ်ထားသည့်စျေးနှုန်းများထက် မြှင့်တင်ရောင်းချခြင်းများ စုံစမ်းစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်၀န်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)