ထွန်းတောက်ရေစိမ်ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ၉.၅.၂၀၂၄ ရက်နေ့တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အလတ်စားလုပ်ငန်းဖြစ်သော ဗန်းမော်မြို့(၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ ထွန်းတောက် စပါယ်ရှယ် ရေစိမ်ခေါက်ဆွဲထုတ်လုပ်သည့် စီးပွား‌ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးသည် ထွန်းတောက်ရေစိမ်‌ ခေါက်ဆွဲစက်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားရှိရန်၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ထုတ်လုပ်မှုကုန်ကျစရိတ် အကျိုးအမြတ်ရရှိမှုအခြေအနေများအား မေးမြန်းကာ လုပ်ငန်းများတိုးချဲ့၍ ဈေးကွက်ရှာဖွေတင်ပို့ပါက မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေတိုးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပါသည်။

DOCA(ကချင်)