မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ၉.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
လိုက်လံစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ဘင်လှိုင်ရပ်ကွက်၊ ဂေါ့လမ်းရှိ လှပြည့်ဆန်ဆိုင်၊ နန်းခဲရပ်ကွက် မင်းလမ်းရှိ ထိပ်တန်းဆန်ဆိုင်နှင့် လိပ်အင်းရပ်ကွက် နတ်ကျွန်းရှိ စိန်ပွင့် ဆန်ဆိုင်တို့သို့ သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ ကို လိုက်လံစစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဈေးနှုန်းမြှင့် ရောင်းချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
DOCA(မွန်)