စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်ဦးစီးမှူးသည် ဇလွန်မြို့နယ် သပြုကွင်းကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ ယဉ်ကျေးလိမ္မာသင်တန်းသား/သူများနှင့် ကျောင်းသားမိဘ(၅၀)ဦးအား (၉.၅.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)