စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို မေလ (၉)ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကျုံပျော်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ် တာဝန်ခံက ဆန်ဈေးနှုန်းအခြေအနေများ၊ ဈေးနှန်းများမှန်ကန်မှုရှိ/မရှိနှင့် ဆန်လက်ကျန် အခြေအနေများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးစုံစမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)