စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၁၃.၅.၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့က စားသုံးဆီ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၁ များကို လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄) ကိုပါ လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ဆီကြိတ်ခွဲစက်များသို့ သွားရောက်၍ တစ်နေ့ကြိတ်ခွဲနှုန်းပိဿာချိန်နှင့် ဆီထွက်ရှိနှုန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(မွန်)