ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၄.၅.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ သိုးထိန်း (စတိုးဆိုင်)သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Favorite အမှတ်တံဆိပ်ပါပြင်ဦးလွင်ဒေသထွက် အသင့်ဖျော်ကော်ဖီထုတ်တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာ ဖြင့်ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား ကုန်အညွှန်းအသားပြည့်စုံမှန်ကန်မှု မရှိသောကုန်စည်များကိုဈေးကွက် အတွင်းဖြန့်ဖြူး ရောင်းချခြင်း မပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်း၏ လိုက်နာရမည့်တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကရင်)