စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအပြင် ဈေးပိုင်းရပ်ကွက်နှင့် အခြားရပ်ကွက်များတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ်စည်ပင်သာယာမြို့မဈေးအပြင် ရပ်ကွက်များရှိစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး လုပ်ငန်းရှင်းများနှင့်တွေ့ဆုံကာ အသင့်သောက်အချိုရည်အမျိုးမျိုးတို့ရောင်းချရာတွင် စားသုံးသူ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော အသင့်သောက်အချိုရည်များနှင့် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ခွင့်ပြုချက်မပါရှိသော၊ သက်တမ်းကုန်နေသော အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ မိမိတို့၏ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် မိမိတို့၏ဆိုင်တွင်ဖြန့်ဖြူးရောင်းချခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)