ကော့သောင်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီး မှူးသည် ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ကော့သောင်းခရိုင် ကုန်သည်ကြီးများအသင်းအစည်းအဝေး ခန်းမတွင် စားအုန်းဆီ  ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချရန်၊ စျေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန်နှင့် မသမာသည့်လုပ်ဆောင်မှုများမဖြစ်စေရေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ တွေ့ဆုံဆွးနွေးရာတွင် ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီအနေဖြင့် ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီစျေးနှုန်းများ ဖြစ်ပေါ်စေရေး၊ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများထံ လက်ဝယ်ရောက်ရှိစေ‌ရေးအတွက် စားအုန်းဆီများကို ဝိသမလောဘဖြင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီဖူလုံမှုရရှိစေရေးအတွက် ဆီခွဲတမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘူးသွပ်ဆီများကို တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချပါက ကုန်အညွှန်းမှတ်အသားများပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘေးအန္တာရယ်ကင်းရှင်းပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် စားအုန်းဆီများကိုသာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)