တောင်ငူမြို့မှ လူကြိုက်များလှသော “ဖိုးလမင်း” ကော်ဖီမှုန့်

Powered by Drupal

       တောင်ငူမြို့၏ ထုတ်ကုန်များအနက် တစ်ခုအပါအဝင်ဖြစ်သော "ဖိုးလမင်း" ကော်ဖီမှုန့်သည် အနံ့အရသာနှင့်ပြည့်စုံပြီး လူကြိုက်များလှသည့် ကော်ဖီမှုန့်အမျိုးအစားတစ်ခုဖြစ်သည်။ "ဖိုးလမင်း" ကော်ဖီမှုန့်ကို တောင်ငူမြို့၊ အမှတ်(၁)၊ ၆ လမ်း၊ ၁၄ရပ်ကွက်တွင်ထုတ်လုပ်ပြီး တောင်ငူမြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

          တောင်ငူမြို့တွင် ၎င်းမှာ လူကြိုက်များပြီး ဈေးနှုန်းလည်းအသင့်အတင့်ဖြစ်ကာ ရောင်းအားကောင်းသော Brand တစ်ခုလည်းဖြစ်ပါသည်။ "ဖိုးလမင်း" ကော်ဖီမှုန့်ကို ၁၀၀ရာခိုင်နှုန်း ကော်ဖီမှုန့်များဖြင့် ထုတ်လုပ်ထားပြီး မည်သည့်အရောအနှောမှမပါဝင်ကြောင်းသိရပါသည်။

          သကြား၊ နို့ဆီ၊ နွားနို့များဖြင့်ရောစပ်ပြီး သုံးမိနစ်/ လေးမိနစ်ခန့်နှပ်ထားကာ အသင့်သောက်သုံးနိုင်ကြောင်း၊ အနံ့၊ အရသာထူးခြားကောင်းမွန်ကြောင်း၊ ၂၀၂၄ခုနှစ် ဇွန်လအစောပိုင်းတွင် ရောင်းချသောဈေးနှုန်းမှာ ၁၀ကျပ်သားတစ်ထုပ်လျှင် ၅၀၀၀ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)